၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှစတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ပထဝီဝင်ဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉  ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယနေ့တွင် စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်များကို ဆက်လက်ဖြေဆိုကြရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၄၇၄၃ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၈ ဒသမ ၉၃ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်းဘာသာရပ်နှင့် ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။