COVID-19 ရောဂါပိုးတွေ့လူနာ ၉၄၆ ဦးထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၃၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုး တွေ့လူနာ ၉၄၆ ဦးနှင့် သေဆုံးသူ ၂၆ ဦး ထပ်တိုးကြောင်း သိရသည်။

(၂၉-၉-၂၀၂၀) ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြု လူနာ ၇၉၇ ဦး၏  မြို့နယ် အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၉-၉-၂၀၂၀) ရက် ည ၈ နာရီမှ (၃၀-၉-၂၀၂၀) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆၂၆၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၄၆ ဦး တွေ့ရှိရကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(၅၀၀)