မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ အခြေခံပညာမူလတန်း ကျောင်း(အင်ဒိုင်း)နှင့် တပ်ဦးဘုန်းတော်ကြီးကျောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(စွန်ရဲ)နှင့် အခြေခံပညာအထက်တန်းကျောင်း(နတ်ရေကန်)၊ မြစ်သားမြို့နယ်ရှိ ချမ်းသာကြီးစေတီတော် တို့၌ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။