ရန်ကုန်၊ ဘောလုံး
ယခုနှစ်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် (၂၀) တွင် စစ်ကိုင်းယူနိုက်တက် အသင်းအနေဖြင့် အဓိကကစားသမားတချို့ ဒဏ်ရာနှင့် ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်၍ မကွေး အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း နည်းပြချုပ် ဦးဇော်လင်းထွန်းက ပြောသည်။
စက်တင်ဘာ ၂၉ ရက်က သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်သည့် ပွဲစဉ် (၂၀) တွင် စစ်ကိုင်းယူနိုက် တက်အသင်းက မကွေးအသင်းကို ၄ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲတွင် စစ်ကိုင်း ယူနိုက်တက်အသင်းသည် အသင်းခေါင်းဆောင် တိုးဆက်နိုင်၊ မျိုးမင်းဖြိုး၊ ကျော်စွာမင်း၊ ထက်ဇော် ထွန်း စသည့် အဓိက ကစားသမား တချို့ ပွဲပယ်ပြစ်ဒဏ် နှင့်ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။
“ကျွန်တော်တို့အသင်းက အဓိကကစားသမား တချို့မပါတာနဲ့ ကစားပုံလုံးဝ ပြောင်းသွားတယ်။ အရန်ကစားသမားတချို့ ပွဲထွက်ခွင့်ရပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ အသင်းမှာ အရန်အင်အား လျော့နည်းတဲ့အတွက် အခုလို ဂိုးပြတ်ရှုံးခဲ့တာပါ။ ဒီပွဲမှာ အရန်ကစား သမားနဲ့ အဓိကကစားသမားတွေ ဘယ်လောက်ကွာခြားလဲသိချင်လို့ ကစားသမား တချို့ကို အသုံးပြုခဲ့တာလည်းပါတယ်။
သူတို့ရဲ့ ခြေစွမ်းခြေစကိုကြည့်ပြီး လာမယ့်နှစ်တွေမှာ ဘယ်လောက်အထိပြင်ဆင် ရမလဲဆိုတာကို စမ်းသပ်တာလည်း ပါပါတယ်”ဟု ဦးဇော်လင်းထွန်းက ပြောသည်။
စစ်ကိုင်းယူနိုက်တက်အသင်းသည် စက်တင်ဘာ ၂၉ ရက် ပွဲစဉ် (၂၀) အပြီးတွင် ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၇) နေရာ၌ရပ်တည်ခဲ့ပြီး မကွေးအသင်းက ရမှတ် ၁၆ မှတ်ဖြင့် အမှတ် ပေးဇယားအဆင့် (၈) နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
ကိုရဲ