တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဧပြီ - ၉
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မီးတိုင်တက်ကျေးရွာ၊ ကျောက်ဖြူတောင်ဘေးမဲ့တောရ ဘုန်းတော်ကြီးကျောင်းတိုက်၊ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဓမ္မရောင်ခြည် ကန်ချိုင်ကျောင်းသစ်၊ ပုသိမ်မြို့၊ လိပ်ဉကုန်း(စံပြ)ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်ချမ်းသာမုနိဘုရားကြီး ကုသိုလ်တော်ရိပ်သာကျောင်း တိုက်၊ ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာ၊ ဇေယျူတောင်ဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ စိုင်ကောင်းကျေးရွာရှိ ရွှေနတ်ကယ်တောင် ဘုန်းတော်ကြီးကျောင်း၊ တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ မြစိမ်းတောင် ဘုန်းတော်ကြီးကျောင်း၊ ကိုးတင်းကျကျေးရွာရှိ ရွာဦးကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ရဟန္တာ(၈၀) ဘုန်းတော်ကြီးကျောင်းတို့မှ ဆရာတော်၊ သံဃာတော် များနှင့် သာသနာနွယ်ဝင်သီလရှင် များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။