ရေကြည်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်
နေပြည်တော်၊ ဧပြီ - ၉
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၈ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ်၊ ဒွာရစုကျေးရွာ၊ ပန်းတနော်မြို့ နယ်၊ မြေနုကျေးရွာ၊ သောင်ပင်သာကျေးရွာနှင့် သာပေါင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ များမှ နေအိမ်များ အမိုးလန်၊ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ စာသင်ကျောင်း(၁)ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခုနှင့် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လေဘေးသင့်ပြည်သူများအား တွေဆုံ အားပေးကာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေး ပစ္စည်း ၁၈ မျိုးပါ ၆ ပုံး၊ ထောက်ပံ့ငွေများ၊ ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။