ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာနှင့် ဆောက်လုပ်ဆဲ(၃)ထပ်ကျောင်းဆောင်သစ် အတွက် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဧပြီ - ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ၊ နားကုန်း ကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်သည့် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာနှင့် ဆောက်လုပ်ဆဲ(၃)ထပ်ကျောင်းဆောင်သစ်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်အတွင်း၌ ပြုလုပ်ရာ နားကုန်းကျောင်း တိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တစာရိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နားကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆောက်လုပ်ဆဲ(၃)ထပ်ကျောင်း ဆောင်သစ်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။