၀န်းသို၊ စီးပွားရေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဒီးဒုတ်ကုန်းကျေးရွာ၌ မျှစ်ချဉ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် အိမ်တွင်း မိသားစုဝင်ငွေရ လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုကာလတွင် ဈေး ကောင်း မရဖြစ်နေကြောင်း သိရသည်။
“နှစ်တိုင်း မျှစ်ချဉ်တစ်ပိဿာကို ငွေကျပ် ၄၅၀၊ ၅၀၀ လောက်ရောင်းရပါတယ်။ အခုအချိန်မှာ ရွာထဲ က မျှစ်ချဉ်ဒိုင်တွေဆီကို ငွေကျပ် ၃၅၀ ဈေးနဲ့ရောင်းရတယ်။ အချို့အဆင်ပြေတဲ့ သူတွေကတော့ မရောင်းဘဲ နှစ်ပေါက်အောင်ထားတယ်။ အဆင်မပြေတဲ့ သူတွေကျတော့ ရတဲ့ဈေးနဲ့ပဲ ရောင်းနေကြ ရတယ်” ဟု ဒီးဒုတ်ကုန်းကျေးရွာမှ ဒေါ်ငွေကပြောသည်။
မျှစ်ချဉ်ပြုလုပ်ရာတွင် မျှစ်များကို ရေစင်အောင်ဆေးကာ အချောင်းလေးတွေဖြစ်အောင် ဓားဖြင့် ပေါက်ရပြီး ပေါက်ထားသော မျှစ်များကို စဉ့်အိုး၊ ခြင်းကြားများထဲတွင် အရည်မကျအောင် ပလတ် စတစ်ဖြင့် လေလုံအောင်ထားပြီး အပေါ်မှကျောက်ခဲများနှင့် ဖိထားရသည်။ သုံးရက်ကြာလျှင် သဘာဝ မျှစ်ချဉ်ဖြစ်သွားပြီး လေလုံအောင်ထားလျှင် တစ်နှစ်ပတ်လုံးထားလို့ရကြောင်း သိရသည်။
ဒီးဒုတ်ကုန်းကျေးရွာရှိ ဒေသခံများသည် လယ်ယာလုပ်ငန်းအပြင် ဝါးနှီးဖြင့်ပြုလုပ်သော ခြင်းကြား ရက်ခြင်း လုပ်ငန်း၊ မျှစ်ချဉ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မြိုင်