လွိုင်ကော်၊ မီးလောင်မှု
ကယားပြည်နယ် လွိုင်ကော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့်အကွာ လောဓမ္မရပ်ကွက် မြန်မာ့ မီးရထားဝင်း၌ စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီ မိနစ် ၂၀တွင် ထင်းမီးဖြင့် ဟင်းအိုးတည် ထားရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ် မီးသတ်စခန်းနှင့် နှစ်မိုင်ခန့်အကွာ လောဓမ္မရပ်ကွက် မြန်မာ့မီးရထား ဝင်းရှိ ဒေါ်ဆယ်တင်၏ ပျဉ်ခင်း၊ သွပ်မိုးထရံကာ တစ်ထပ်ဝန်ထမ်း လိုင်းခန်းတွင် မီးလောင်နေ ကြောင်း တာဝန်သိပြည်သူတစ်ဦးက ဖုန်းဖြင့် သတင်းပေးပို့လာသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်ဦးဆောင်၍ လွိုင်ကော်ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ လွိုင်ကော်မြို့ နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီး၊ အုပ်ချုပ်မှု ယာဉ်သုံးစီး တို့ဖြင့် သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ဦးနှင့် ပြည်သူတို့က သွားရောက်ငြှိမ်း သတ်ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (၃၀_၃၀)ပေပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာ တစ်ထပ်ဝန်ထမ်းလိုင်းခန်း မီးလောင်ဆုံး ရှုံးပြီး စုစုပေါင်းငွေကျပ် သုံးသိန်းခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဆယ်တင်အား လွိုင်ကော်မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
မျိုးဇော်လင်း