လားရှိုးမြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် မြို့လုံးကျွတ်စုပေါင်းသန့်ရှင်း လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်အရ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နှစ်သစ်အကြို မြို့လုံးကျွတ် စုပေါင်းသန့်ရှင်းရေးအား မြို့အဝင်မုဒ်ဦးမှ မြို့တွင်းလမ်းမကြီးတစ်လျှောက် မြို့သန့် ရှင်းသာယာလှပရေးအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ လားရှိုးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ရပ်ကွက်နေ ပြည်သူများနှင့် ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား ၁၅၀၀ ဦးခန့်က လမ်းမကြီးများအား ရေဖြင့် ဆေးကြောခြင်း၊ ပန်းခုံများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲ/ယာတစ်လျှောက် အမှိုက်များနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း များအား စက်ယန္တရားကြီးဖြင့် တူးဖော်နေခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုအား ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။