သံတွဲမြို့၊ မြတင်ကျေးရွာ၊ ဗားတောင်းတောင်၌ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဧပြီ - ၁၀
ရခိုင်ပြည်နယ်၊ သံတွဲမြို့နဘ်၊ မြုံပြင်ကျေးရွာအုပ်စု၊ ဗားတောင်းတောင်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မတည်လှူဒါန်းငွေကျပ်သိန်း ၁၀၀ အပါအဝင်စေတနာရှင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်းငွေကျပ်သိန်း ၁၅၀၀ အကုန်အကျခံကာ သံတွဲမြို့နယ်၊ မြတင်ကျေးရွာ၊ ဗားတောင်းတောင်ရှိ ပရဟိတ သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ ဦးစီး၍ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းတွင် အဆိုပါအောက်ဆီဂျင်စက်ရုံသစ်ရှေ့၌ပြုလုပ်ရာ ပရဟိတ သိမ်ကုန်းကျောင်းတိုက် ဆရာတော် ကြွရောက်တော်မူပြီး အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်မှ တာဝန်ရှိသူများ၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ ပရဟိတ သိမ်ကုန်းကျောင်းတိုက်ဆရာတော်၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများ၊ အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အလှူရှင်များက အောက်ဆီဂျင် စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ က က အောက်ဆီဂျင်စက်ရုံဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အလှူရှင်မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွာ များ ပြန်လည်ပေးအပ်ကြပြီး တက်ရောက်လာကြသူများက အောက်ဆီဂျင်စက်ရုံသစ် စတင်ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံအား ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အခြား အထွေထွေရောဂါဝေဒနာရှင်များအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ် ပြီး ၁ ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၁၂၀ လုံး ထုတ်လုပ်နိုင်ကြောင်း သတင်း ရရှိသည်။