အဲဗာတန်အသင်း လူငယ်ပရိသတ်တစ်ဦး၏ ဖုန်းကို ရိုက်ချခဲ့သည့်အတွက် စီရော်နယ်ဒိုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

အဲဗာတန်အသင်း လူငယ်ပရိသတ်တစ်ဦး၏ ဖုန်းကို ရိုက်ချခဲ့သည့်အတွက် စီရော်နယ်ဒိုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ ကစားသည့် ပွဲစဉ်အပြီးတွင်  အဲဗာတန်အသင်း  လူငယ်ပရိသတ် တစ်ဦး၏ ဖုန်းကို ရိုက်ချခဲ့သည့်အတွက် မန်ယူအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  အဲဗာတန်အသင်းက  မန်ယူအသင်းကို အိမ်ကွင်း၌ ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ ကာ  ပွဲစဉ်အပြီး  ကစားသမားများ  ဥမင်လိုဏ်ခေါင်း အတွင်းသို့ ဝင်ရောက်စဉ် အဲဗာတန်အသင်း လူငယ်ပရိသတ်တစ်ဦးက  စီရော်နယ်ဒိုကို  ဓာတ်ပုံရိုက်ရန် ကြိုးပမ်းခဲ့စဉ် စီရော်နယ်ဒိုက အဲဗာတန်အသင်း လူငယ် ပရိသတ်တစ်ဦး၏ ဖုန်းကို    လက်ဖြင့် ရိုက်ချခဲ့ခြင်းဖြစ် သည်။

အဆိုပါဖြစ်ရပ် အပြီးတွင် စီရော်နယ်ဒိုက ၎င်း၏ တွစ်တာမှတစ်ဆင့်   အဆိုပါလူငယ်ကို   တရားဝင် တောင်းပန်မှုများ ပြုလုပ်ခဲ့သကဲ့သို့  ၎င်းပါဝင်ကစားမည့် မန်ယူအသင်းပွဲစဉ် တစ်ပွဲကိုလည်း လာရောက် အားပေးရန် ဖိတ်ခေါ်မှုပြုလုပ်ခဲ့သည်။

သို့သော် အဆိုပါ လူငယ်၏မိခင်ဖြစ်သူက စီရော်နယ်ဒိုကို    ပြင်းပြန်းထန်ထန် ဝေဖန်မှုများပြုလုပ်ခဲ့ကာ ရဲတပ်ဖွဲ့အနေဖြင့်လည်း စီရော်နယ်ဒို၏ လုပ်ရပ် နှင့်ပတ်သက်ပြီး    စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကာ  အဆိုပါကိစ္စတွင်  ပါဝင်သူများကိုလည်း မေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း  ထုတ်ပြန်ခဲ့သည်။  

Ref;Manchester Evening News