တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၁၅) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူမင်္ဂလာပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၁၅) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူမင်္ဂလာပြုလုပ်

နေပြည်တော်၊ ဧပြီ ၁၂

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၁၅)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာကို ဧပြီလ ၁၁ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမနှင့် ရွှေတြိဂံရိပ်သာကြီး၌  ကျန်းမာရေးဆိုင်ရာလမ်းညွှန်များ နှင့်အညီ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ရဟန်းခံ၊ ရှင်သာမဏေ၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်‌ရောက် ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ဧပြီ ၁၁ ရက်တွင် ရှင်လောင်းလှည့်လည်ယာဉ် များဖြင့် ကျိုင်းတုံမြို့အတွင်းရှိ တန်ခိုးကြီးဘုရားပုထိုးစေတီတော်များအား လှည့် လည်ပူဇော်ကြသည်။ ထို့နောက် ရဟန်းခံ၊ ရှင်လောင်း၊ နားသများအား ဆံချခြင်း မင်္ဂလာကို တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ဆက်လက်ပြုလုပ်ကြရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရဟန်း၊ ရှင်သာမဏေ၊ နားသများက စိန်ပန်းကျောင်းကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္ဘ အဂ္ဂဝံသ အမှူးပြုသော ဆရာတော်ကြီးများထံမှ ငါးပါးသီလနှင့် ပရိတ်တရား‌တော် များ နာယူစောင့်တည်ကြသည်။ ယင်းနောက် ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့် ရဟန်း ၁၅၉ ပါး၊ ရှင်သာမဏေ ၅၁ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၂၂၅ ပါးကို ဆံချကာ သင်္ကန်းစည်းပေးခြင်းနှင့် သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်းများ ဆောင်ရွက်ကြသည်။

ယနေ့တွင် သိမ်ထွက်ရဟန်းသံဃာတော်များအား ရွှေတြိဂံရိပ်သာကြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများလောင်းလှူကြပြီး ကျိုင်းယင်းကျောင်း တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည် ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကြ ပြီး လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချအမျှဝေခဲ့ကြောင်းနှင့်   သံဃာတော် များအား နေဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။