တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကျနေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

နေပြည်တော်၊ ဧပြီ - ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

မဟာသင်္ကြန်အကျနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မလိခမဏ္ဍပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရှိ ရေကစားမဏ္ဍပ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ရေကစား မဏ္ဍပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဗဟိုမဏ္ဍပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဗဟိုမဏ္ဍပ်၊ မန္တလေးမြို့ရှိ ရေကစားမဏ္ဍပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိ ရေကစား မဏ္ဍပ်တို့၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူး များနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန်ယိမ်းအက အဖွဲ့များ၏ ယှဉ်ပြိုင် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင် ကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့၌လည်း လာရောက် အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စားသောက်ဆိုင် များ၊ ဒေသထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ်ထားရှိကာ စည်ကား သိုက်မြိုက်လျက်ရှိသည်။

ထို့ပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံ ကျွေးမွေးပြီး ရေသဘင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။