နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ - ၁၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကြတ်နေ့ ဖြစ်သည့် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်း များနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် တပ်မတော်အုပ်ချုပ်မှုကျောင်း မိသားစု အတာ ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ သင်တန်းသားအရာရှိများ၊ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များက လှိုက်ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအက အဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများဖြင့် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှု အားပေးပြီး  အရာရှိ၊ စစ်သည် မိသားစုများ အား အတာရေများ ပက်ဖျန်းပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ကျောင်း၊ ပြင်ဦးလွင်တပ်မတော်ဆေးရုံ၊ တပ်မတော်အင်ဂျင်နီယာကျောင်း တို့ရှိ မိသားစု အတာရေသဘင်မဏ္ဍပ်များသို့ ရောက်ရှိကြပြီး မိသားစုယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေ မှုများ၊ အရာရှိ၊ စစ်သည်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေမှုများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများကို ကြည့်ရှုအားပေးပြီး  အရာရှိ၊ စစ်သည် မိသားစုများအား အတာရေများ ပက်ဖျန်းပေးသည်။

ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်ရှိ ခါတော်မီ မိသားစု အတာရေသဘင်မဏ္ဍပ်သို့ သွားရောက်၍ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆို ကပြ ဖျော်ဖြေမှုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများကို ကြည့်ရှုအားပေးပြီး  အရာရှိ၊ စစ်သည် မိသားစုများအား အတာရေများ ပက်ဖျန်းပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မိသားစုရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့ များနှင့် အရာရှိ၊ စစ်သည် မိသားစု များအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အတာရေသဘင်ပွဲတော်ကို အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ ကြောင်း သတင်းရရှိသည်။