တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

နေပြည်တော်၊ ဧပြီ - ၁၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

မဟာသင်္ကြန်အတက်နေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ် များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ မိသားစုရေကစားမဏ္ဍပ်များ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိရေကစားမဏ္ဍပ်နှင့် နယ်မြေခံတပ်နယ်အသီးသီးရှိ ရေ ကစားမဏ္ဍပ်များ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရှုခင်းသာဗဟိုမဏ္ဍပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ရေစကားမဏ္ဍပ်များ၊ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် ရေကစားမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစား မဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေ များ ပေးအပ်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာရှိ ဟိုက်ပါရေတံခွန်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ပုလုံးတုံးတုံးကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေနှင့် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံရေလွှဲတို့၌လည်း လာရောက် အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိကာ စားသောက်ဆိုင်များ၊ ဒေသထွက်ကုန် ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ်ထားရှိ၍ မဏ္ဍပ် များအသီးသီး၌ ရေသဘင် ပွဲဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။