COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ် သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ -

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေး တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိ လျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှ စတင်လက်ခံ၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။    

ထိုသို့လက်ခံကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၁၉၂ ပါးနှင့် အရပ်သား ၁၅၄ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၂၉၃ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၃၆ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၂၈၅ ဦးတို့ကို အသီးသီးလက်ခံ ကုသပေးလျက် ရှိကြောင်းနှင့် အဆိုပါ ဓာတ်ခွဲလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။    

ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ ကုသပေးရန် အဆောင်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။    

ထိုသို့ တပ်မတော်က ဆောင်ရွက်ပေးနေမှုများကို ယခုလိုကြား သိခဲ့ရပါသည်--

ကျွန်တော်တို့က ၂၅--၂၀၂၀ ရက်နေ့မှာ  ဒီကိုရောက်ရှိပြီး ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ဒီမှာကတော့ လူနာ ၁၀၀၀ ကုသမယ်လို့မျှော်မှန်းထားပါတယ်။  COVID-19 ရောဂါ Positive  ပြပေမယ့် ရောဂါလက္ခဏာ မရှိသေးတဲ့လူတွေကိုပဲ ကုသဖို့အတွက် စီစဉ်ထားပါတယ်။ ဒီမှာ ဆေးရုံတက်နေရတဲ့ကာလအတွင်းမှာ ရောဂါလက္ခဏာတစ်ခုခုပြလာတဲ့ အခါဆိုရင်တော့ အထူးကြပ်မတ်ကုသဆောင် အသေးလေးတော့ ဆောက်ထားပါတယ်။ ဆောက်ထားပြီးတော့ အဲဒီမှာ ၁၀

ခုတင်လုပ်ထားပါတယ်။ လိုအပ်တဲ့ ချွဲစုပ်စက်တွေ၊  အောက်ဆီဂျင်ပေးတဲ့စက်တွေ၊ အောက်ဆီဂျင်ဆလင်ဒါတွေ၊  လိုအပ်တဲ့အရေးပေါ် ဆေးဝါးတွေရော၊ ပိုးသတ်ဆေးတွေကိုရော ကျွန်တော်တို့ စုံစုံလင်လင်ထားရှိပြီး ကုသမှာပါ။ ရောဂါလက္ခဏာတစ်ခုခုပြလာပြီဆိုရင် သွေးဖောက်မယ်၊ ဓာတ်မှန်ရိုက်မယ်။  လိုအပ်ရင်တော့ တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးကို ပို့ဆောင်ပြီးကုသမှာပါ။    ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကဆေးဝါးတွေ အလုံအလောက်ကို ၂၄--၂၀၂၀ ရက်နေ့ ကတည်းက ကားနဲ့ပို့လိုက်ပါတယ်။ ဓာတ်မှန်ကားရော၊ သွေးဖောက်တဲ့ပစ္စည်းပစ္စယတွေ၊  ကားတွေအစုံအလင် ရောက်ရှိပြီး အခုတော့ အကုန်ပြင်ဆင်ထားပြီး လုံလောက်တယ်လို့တော့ ယူဆပါတယ်။ ပြင်ဆင်ချိန်ကတော့  အများကြီးမရတဲ့အတွက်   ကျွန်တော်တို့ တစ်ဖွဲ့သားလုံး နေ့ရောညရော၊ ပြီးရင် လက်တွေ့လေ့ကျင့်မှုတွေ လုပ်တာရော အများကြီးပြင်ဆင် နေရပါတယ်။ ဆရာဝန်အနေနဲ့ပါရဂူကတော့လေးဦးပေါ့။ အောက်က ဆရာဝန် (M.O)ကတော့ ရှစ်ဦး၊ Brother သူနာပြုတွေနဲ့အခြားအဆင့် စစ်သည်တွေနဲ့ အကုန်လုံးစုစုပေါင်း ၂၉ ဦးရှိပါတယ်။

လူနာတွေဒီမှာရောက်ပြီဆိုရင်  တာဝန်ခံရဲ့ ရုံးဖုန်း ဖုန်းနံပါတ်ကို တစ်ချိန်လုံးဆက်သွယ်လို့ ရပါတယ်။ လူနာတွေရဲ့ဖုန်းနံပါတ်တွေကိုလည်း   ရောက်တာနဲ့ ယူထားပါတယ်။

ဒီရောက်ပြီးမှ ရောဂါလက္ခဏာဆိုးရွားလာတာ၊ တခြားဆေးရုံကိုလွှဲဖို့ လိုလာပြီဆိုရင် ဆက်သွယ်လို့ရအောင် သူ့အိမ်ရဲ့အနီးစပ်ဆုံး ဆွေမျိုးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို အရန်အနေနဲ့ ကျွန်တော်တို့က   ယူထားပါတယ်။

တကယ်လို့လွှဲရမယ်။ တခြားလိုအပ်တာတွေ ဆက်ကုရမယ်ဆိုလို့ရှိရင် သူက ဖုန်းပြောဖို့ အဆင်မပြေနိုင်တဲ့အတွက် နောက်တစ် ယောက်ရဲ့ဖုန်းကို ကျွန်တော်တို့က အချိန်မီဆက်သွယ်ပြီး သတင်းပို့ပေးဖို့ပါ။ ဒါကပြည်သူ့အတွက် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့တစ်ဖွဲ့လုံး နေ့ရောညရော အားတက်သရောလုပ်နေတဲ့အတွက်ကြောင့်  ပင်ပန်းရကျိုးနပ်မယ်လို့  ယူဆပါတယ်။  ဒီရောဂါနဲ့ပတ်သက်ရင်အဓိကကတော့   ညွှန်ကြားချက်တွေ လိုက်နာဖို့ အတွက်ပါပဲ။  လက်ဆေးဖို့၊  Mask တပ်ဖို့၊ လူစုလူဝေးရှောင်ဖို့၊   Stay  Home ဆိုရင်လည်း အိမ်မှာပဲနေဖို့ပဲ အရေးကြီးပါတယ်ဟု ဗိုလ်ကြီးစိုးမင်းလတ် (မေ့ဆေးပါရဂူ)က ပြောသည်။

ပြည်သူလူထုအတွက် ဆိုတော့ ကျွန်တော် တို့က အားလုံးကို ဝိုင်းဝန်းကူညီချင်တဲ့အတွက် အားချင်းဆောင်ရွက် ရပါတယ်။ အလုပ်သမားတွေဆို အိပ်ချိန်တောင် မရှိပါဘူး။ ၂၇ ရက် နေ့ကစပြီး လုပ်ဆောင်ပါတယ်။ လမ်းတွေ လည်းပိတ်ထားတယ်။  ဆောက်လုပ်ရေး ပစ္စည်းတွေ ဝယ်ရတာကလည်း အဆင်မပြေဘူး။  ကျွန်တော်တို့မှာ ပစ္စည်းဝယ်ရတာ အရမ်းရှားပါတယ်။ အလုပ်သမားဆိုလည်း အခက်အခဲရှိပါတယ်။ အလုပ်သမားတွေက ဒီမှာ အလုပ်လုပ်ဖို့ဆိုပြီး လာခေါ်လိုက်တဲ့ အချိန်မှာ အိမ်က မိသားစုတွေကလည်း ဒီလိုအလုပ်လိုက်လုပ်မယ်ဆိုတာ သူတို့ကလည်း ဒီရောဂါကြီးဆိုတော့ ကြောက်ကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကမိသားစုတွေကို သေသေချာချာ ရှင်းပြပြီး ဒီအလုပ်သမားတွေကို ခေါ်လာပါတယ်။ ဆေးတပ်ကအဖွဲ့တွေက ဆေးဖျန်းခြင်းတွေ ဆောင်ရွက်ပေးပါတယ်။ ဆေးဖျန်းပြီးတဲ့ အချိန်မှာတောင် အလုပ်သမားတွေက အထဲကိုဝင်ပြီး အလုပ်မလုပ်ရဲဘူး။ ဒီတပ်က တပ်မှူးကိုယ်တိုင် ဦးစီးပြီး သူကိုယ်တိုင် ရှေ့က ဦးဆောင်ဝင်ပြတယ်၊ နောက်ဒီတပ်က ဆရာတွေကလည်း ဝင်ပြတော့မှ အနောက်က အလုပ်သမားတွေက အားလုံးဝင်ပြီးတော့ အလုပ်လုပ်ရဲပါတယ်။ အခုတစ်ခေါက်ကတော့ အလုပ်သမားတွေ အနည်းဆုံး    နာရီလောက်တော့  ညပိုင်းကိုအိပ်ခိုင်းပါတယ်။ ယာယီဆေးရုံဆိုတဲ့အတွက်  ဆေးရုံအဆင့်မမီရင် တောင်မှ အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ အလုပ်လာတဲ့ အလုပ်သမားအားလုံးကို  ဂိတ်မှာ အပူချိန်တိုင်းတယ်။

ကျန်းမာရေးစစ်ဆေးပြီးမှ ဝင်ပါတယ်။ ဒီအလုပ်ပြီးလို့ အိမ်ပြန်ခဲ့ရင်လည်း ကိုယ့်မိသားစုနဲ့တော့ အတူနေတယ်ဆိုပေမယ့် ကိုယ့်အခန်း နဲ့ကိုယ်နေနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ပြည်သူလူထုအတွက် လုပ်ပေးရတာ ဖြစ်လို့ အရမ်းဝမ်းသာ ပါတယ်။ ရောဂါ ဖြစ်လို့     အိမ်ကနေခေါ်သွားပြီဆိုရင် ကျန်တဲ့မိသားစုက   အလိုလိုထိတ်လန့်နေကြရပါတယ်။  နေတဲ့နေရာ အဆင်ပြေပါ့မလား၊ စားရေးသောက်ရေး အဆင်ပြေပါ့မလား အားလုံးကတွေးပြီး စိတ်ပူနေကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အခုလုပ်ထားတဲ့ လူနာ ၁၀၀၀ ဆံ့ဆိုတဲ့ ဆေးရုံမှာ အားလုံးသန့်သန့်ပြန့်ပြန့် ဆောင်ရွက်ထားပါတယ်။ COVID-19 ဖြစ်လာတဲ့လူတွေ ဒီနေရာရောက်တာနဲ့ ရောဂါမကုရသေးခင် ဒီအနေအထား၊ ဒီလိုပြင်ဆင်ထားတာတွေ့တာနဲ့တင်သူတို့ စိတ်ထဲမှာ ရောဂါပျောက်ကင်းသွားသလိုတောင် ခံစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဟု ယာယီဆေးရုံအဖြစ်လုပ်ငန်း ဆောင်ရွက်ရာတွင်ပါဝင်သူ  ဦးကျော်လင်းအောင် (လုပ်ငန်းကြီးကြပ်သူ)က ပြောသည်။