တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

နေပြည်တော် ဧပြီ - ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အား ဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက အမိန့်အမှတ် ၃၀/၂၀၂၂ နှင့် ၃၁/၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦး၊ စုစုပေါင်း ၁၆၁၉ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း သိရသည်။

ထို့သို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းကြောင့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၄၂ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြဏ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိ သောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။