အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏(၁၂)ကြိမ် မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏(၁၂)ကြိမ် မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၇

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၂) ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဓမ္မသုခဗိမာန်တော်၌ ပြုလုပ်ရာ အမ်းမြို့ မဟာဂန္ဓာရုံ အေးရိပ်သာကျောင်းတိုက် ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဉက္ကဋ္ဌ(ရွှေကျင်) သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တပဏ္ဍိတသာရ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဂန္ဓာရုံ အေးရိပ်သာ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တနန္ဒမာလာ က အောင်ဂါ ထာကို ရွတ်ဖတ်ပူဇော်ပြီး မဟာဂန္ဓာရုံ အေးရိပ်သာကျောင်းတိုက် ဆရာတော်က ဩဝါဒစကား ချီးမြှင့်တော်မူသည်။

၎င်းနောက် အမ်းမြို့၊ သံဃနာယကအဖွဲ့(ရွှေကျင်)အကျိုးတော်ဆောင် သာသနာ့ ဝန်ဆောင် ဇေတဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညာစာရ က ပဋ္ဌာန်းတိုက်တွန်း လွှာကို ဖတ်ကြားကာ အလှည့်ကျဆရာတော်က အသံမစဲမဟာပဋ္ဌာန်းဒေသနာတော် ကို စတင်ရွတ်ဖတ်ပူဇော်ပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။