တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရား တော်များရွတ်ဖတ်ပူဇော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ အန္တရာယ်ကင်းပရိတ်တရား တော်များရွတ်ဖတ်ပူဇော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၇

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ပြုလုပ်ကြသည်။

အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး တို့ရှိဓမ္မာရုံများနှင့် သတ်မှတ်နေရာများ၌ သံဃာတော်များက ရွတ်ပွားပူဇော်ချီးမြှင့် တော်မူကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သီလခံယူဆောက်တည်၍ ပရိတ်တရား တော်များကို နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လောင်းလှူကြသည်။

ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဇီဝိတဒါနစုပေါင်း ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်း၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။