တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ပိတ်ပွဲများ ပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ပိတ်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၇

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာန ချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ ပြုလုပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူး များနှင့် တာဝန်ရှိိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရေကစားမဏ္ဍပ်ပိတ်ပွဲများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ စုပေါင်းအတာ ရေသဘင်မဏ္ဍပ်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဗဟိုရေကစားမဏ္ဍပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မိသားစုရေကစားမဏ္ဍပ်များ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်ရှိ မဟာသင်္ကြန်ရေကစား မဏ္ဍပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိရေကစား မဏ္ဍပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရှုခင်းသာဗဟို မဏ္ဍပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်တို့၌ အသီးသီးပြုလုပ်ကြရာ သင်္ကြန်ယိမ်းပြိုင်ပွဲများတွင် ဆုရရှိကြ သည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူး များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာပိတ်သိမ်းခဲ့ကြ ကြောင်း သတင်းရရှိသည်။