မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသည့် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး နှင့် ဣစ္ဆာသယသိဒ္ဓိရှင် နဂါးမောက် စေတီတော်မြတ်ကြီးတို့အား ဖူးမြော်

မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသည့် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး နှင့် ဣစ္ဆာသယသိဒ္ဓိရှင် နဂါးမောက် စေတီတော်မြတ်ကြီးတို့အား ဖူးမြော်

နေပြည်တော်၊ ဧပြီ - ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ တည်ထားကိုးကွယ်တော်မူသည့် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်၍ မျက်နှာတော် ရောင်တော်ဖွင့်ခြင်းများ ဆောင်ရွက်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကာ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဣစ္ဆာသယသိဒ္ဓိရှင် နဂါးမောက် စေတီတော်မြတ်ကြီးအတွင်း တည်ထားကိုးကွယ်သည့် စကျင်ကျောက်တော်ဖြင့် နဂါးရုံဘုရားထုလုပ်နေမှုအား ကြည့်ရှုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ခဲ့ ကြောင်း သတင်းရရှိသည်။