အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ (၂၁)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ဆက်ကပ်

အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာအဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ (၂၁)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ဆက်ကပ်

နေပြည်တော်၊ ဧပြီ - ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ (၂၁)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိတ်သတ်မျာက ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သဗ္ဗဇေယျမင်္ဂလာ အောင်ဂါထာဖြင့်ပူဇော်ကြသည်။ ထို့နောက် မျက်နှာသစ်တော်ရေဆက်ကပ်ခြင်း၊ သွားတော်ဒန်ပူတိုက်ခြင်း၊ ယပ်တော် သွင်းခြင်းနှင့် အနေကဇာတင်ခြင်းတို့ကို  ဆောင်ရွက်ပြီး ဆွမ်း၊ သစ်သီးဆွမ်း၊ ခဲဖွယ် ချိုချဉ်များ၊ သောက်တော်ရေနှင့် ပန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။