စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ယနေ့ နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ က ရင်ပြင်တော်ရှိ နေပူခံကြွေပြားများအားဆေးကြောသန့်ရှင်းခြင်း၊ အမှိုက်များ ရှင်းလင်းပေးခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်း၊ လှိုဏ်ဂူတော်အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အတက်အဆင်းလှေကားများ သန့်ရှင်းရေးပြုလုပ်ခြင်း တို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို စစ်တွေ တပ်နယ်ရှိ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ကြည်ညိုကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။