မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား   

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား   

(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ရက် မြန်မာနှစ်ဆန်း ရက်နေ့)

(၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်)

 

နှစ်ဟောင်းကနေ  နှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စုအတွင်း မှာရှိတဲ့ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုမွန် ကောင်း တောင်းအပ်ပါတယ်ခဗျား။

ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊ ပါတီစုံဒီမိုကရေစီ လျှောက်လှမ်းမှုမှာ ရိုးသားတဲ့ ဒီမိုကရေစီအစား ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက်ကျူး လွန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကြပ်အတည်းများကို ကျော်ဖြတ်ခဲ့ရပါ တယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို မိဘပြည်သူတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ကြောင်း မနှစ်က နှစ်သစ်ကူး ဆုတောင်းစကားမှာ ထည့်ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ ကျွန်တော်တို့ နိုင်ငံ အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ရပြီး အခက်အခဲ ပေါင်းများစွာ အတွင်းကနေ ကျော်လွှားနိုင်ခဲ့ပါပြီ။ သို့သော်လည်း အိမ်နီးချင်း နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကမ္ဘာမှာ လုံးဝ ကင်းစင်ပြီလို့ မပြောနိုင်သေးတဲ့အတွက် ကျွန်တော်တို့တတွေ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း များ အပြည့်အဝ လိုက်နာမှု လိုအပ်ပါကြောင်း ပြောလိုပါတယ်။

ဒီနှစ်ဟာ စိန်ရတု လွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ် ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာမှုရှိစေရေး အစွမ်းကုန် ကြိုးစားနေပါတယ်။

ကျွန်တော့်ရဲ့ အမျိုးသားရေး ရည်မှန်းချက် ၂ ခုရှိပါတယ်။

၁။     နိုင်ငံတော်ကြီး သာယာဝပြောရေး

၂။     တိုင်းပြည် စားရေရိက္ခာပေါများရေး တို့ဖြစ်ပါတယ်။

ပြည်ထောင်စုကြီး တစ်ခုလုံး အေးချမ်းသာယာစွာနဲ့ လူတိုင်း လူတိုင်း ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်ရပါမယ်။

မြေပေါ် မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူ ပြည်သားအားလုံး အတွက် စားရေရိက္ခာ မပူမပင် မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွားပါမယ်။ အောင်မြင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။

ယခုလို ၁၃၈၄ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလ သမယမှာ ကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်းတွေက အားနည်းချက် တွေကို ပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ပေးဆပ်သယ်ပိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာ ရွှင်လန်းစွာဖြင့် ဒီနှစ်သစ်မှာ ကျွန်တော်တို့နဲ့အတူ ပြည်ထောင်စုအကျိုးကို လက်တွဲ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

အားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ ခင်ဗျာ။