ကျောက်ကြီးမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် 

နေပြည်တော်၊ အောက်တိုဘာ - ၁

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မုန်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သဒ္ဓမ္မပါလဘုန်းတော်ကြီးကျောင်းတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ကြီးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်း စသည့်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။