နေပြည်တော်၊ အောက်တိုဘာ-၁
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်ခဲ့သည်။
ထိုသို့အခက်အခဲဖြစ်ပေါ်နေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများအား ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်ကြားကျေးရွာရှိ စိုက်ခင်းများသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ဂေါ်ဖီထုပ် ၆၀၀၀ ထုပ်ကို ဝယ်ယူပေးခဲ့ပြီး ဒေသခံ တောင်သူများ၏ အခက်အခဲများပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် စက်တင်ဘာ ၃၀ ရက်တွင် အောင်ပန်းဒေသထွက် ရာသီသီးနှံများဖြစ်သည့် ခရမ်းသီး၊ အာလူး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ စသည့်သီးနှံစုစုပေါင်း ၆ တန်ခန့်ကို သွားရောက် ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင်များနှင့် အရပ်သားအစားခန့်ဝန်ထမ်းများ COVID-19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း စားရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် ဖြန့်ဝေပေးခဲ့သည်။
တပ်မတော်မှ ယခုကဲ့သို့ လာရောက်ဝယ်ယူပေးသည့်အတွက် ဒေသခံတောင်သူများ ကိုယ်စား တောင်သူတစ်ဦးက " ယခုကဲ့သို့ COVID-19 ရောဂါဖြစ်ပွားနေ သောကာလအတွင်း ဝယ်ယူသူမရှိသည့်အချိန် မိမိဒေသထွက်သီးနှံများကို စိုက်ခင်းများအရောက် လာရောက်ဝယ်ယူ ပေးသည့်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း"ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။