လေပြင်းများတိုက်ခတ်ပြီး သစ်ပင်များပြိုလဲခဲ့သည့်မန္တလေးမြို့အတွင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

လေပြင်းများတိုက်ခတ်ပြီး သစ်ပင်များပြိုလဲခဲ့သည့်မန္တလေးမြို့အတွင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်း ဧပြီ ၁၈ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များပြိုလဲခြင်းနှင့် ဓါတ်တိုင်များကျိုးပဲ့ခြင်းတို့ကြောင့် အများပြည်သူ သွားလာလျက်ရှိသည့် လမ်းများပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါ နေရာများသို့ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ပေးခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။