မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း အဝင်မုခ်ဦးပြိုကျပျက်စီးမှုအား ပြန်လည်ပြုပြင်ရန် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁
မန္တလေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၉ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းအဝင်မုခ်ဦး ပြိုကျပျက်စီးမှုအား ပြန်လည်ပြုပြင်ရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊  စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက အလှူငွေကျပ်သိန်း ၈၀ ကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များက ရွှေစည်းခုံ ဘုရားသို့ သွားရောက်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူကြ သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပြိုကျနေသည့်မုခ်ဦးအား လိုက်လံ ကြည့်ရှုပြီး ပြန်လည်ပြုပြင်မည့်အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။