ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့ နေခြင်းနှင့်စပ်လျဉ်း၍ ရုရှားအစိုးရက အမေရိကန်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သတိပေးပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ ပိုင်နက်အတွင်းသို့ ပစ်ခတ်နိုင်သည့် အဆင့်မြင့်နည်းပညာသုံး လက်နက်ပစ္စည်းများအား ယူကရိန်းသို့ ပေးပို့နေခြင်းကို ရပ်တန့်ရန် ရုရှားအစိုးရက အမေရိကန် အား တောင်းဆိုထားသည့်အပြင် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ သံတမန်နည်းလမ်း အရ တရားဝင်ကန့်ကွက်ထားသည်။
အကယ်၍ အမေရိကန်က ယူကရိန်း သို့ အဆိုပါလက်နက်များ ဆက်လက်ထောက်ပံ့ပေးနေမည်ဆိုပါက ကြိုတင်မမှန်းဆနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဟု ရုရှားက ဆက်လက်ပြောကြားထားသည်။
အမေရိကန်သို့ ပေးပို့သည့် ရုရှား၏သံတမန်ရေးအရ တောင်းဆိုချက်ကို သမ္မတဗလာဒီမာပူတင်က လက်မှတ်ရေးထိုး ထားခြင်း မရှိသကဲ့သို့ တခြားအဆင့်မြင့်ရုရှား အရာရှိကြီးတစ်ဦးမျှ လက်မှတ်ရေးထိုးထား ခြင်းမရှိပေ။ သို့ရာတွင် အဆိုပါ တောင်းဆိုချက်သည် အမေရိကန်က ယူကရိန်းသို့ ပေးပို့နေသည့် အဆင့်မြင့်နည်းပညာသုံး လက်နက်များအနေဖြင့် ရုရှားအပေါ် သက် ရောက်မှုရှိလာပြီဖြစ်သည်ဟူသော အချက် ကို ပြသနေသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ပြောသည်။ အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိ လက်နက်များကို ထပ်မံပေးပို့ရန် စီစဉ်ထားသည်။ ယူကရိန်းသို့ လက်နက်ပစ္စည်းများ ထပ်မံ ပေးပို့မည့်အစီအစဉ်ကို သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်အစိုးရထံ ရုရှားအစိုးရက သတိပေးတောင်းဆိုချက်မပြုလုပ်မီ တစ် ရက်အလိုတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရထံ ရုရှားကပေးပို့ခဲ့သည့် သံတမန်ရေးအရ တောင်းဆိုသည့် တောင်းဆိုချက်သည် ဂျိုးဘိုင်ဒင်အစိုးရအတွက် စိုးရိမ်စရာမဟုတ်ဟု အမေရိကန် အရာရှိများက ပြောသည်။
သို့သော် ရုရှားအစိုးရက လုပ်ဆောင်ခဲ့သည့် သတိပေးချက်သည် ပင်တဂွန်စစ် ဌာနချုပ်အတွင်း ဆွေးနွေးမှုများကို ထွက်ပေါ်လာစေခဲ့သည်။ အထူးသဖြင့် ရုရှား အစိုးရက ရည်ညွှန်းထားသည့် ကြိုတင်မမှန်းဆနိုင်သည့် အကျိုးဆက်များဟူသော အချက်နှင့် စပ်လျဉ်း၍ အမေရိကန်အရာရှိ များက ဝေခွဲမရဖြစ်နေသည်။ အကြောင်း မှာ ယူကရိန်းသို့ပေးပို့မည့် အဆင့်မြင့် နည်းပညာသုံး လက်နက်ပစ္စည်းများကို နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်နယ် မြေအတွင်းမှာပင် ရုရှားက ပစ်မှတ်ထားတိုက်ခိုက်မည် သို့မဟုတ် ဖျက်ဆီးပစ်မည် ကိုရည်ညွှန်းခြင်း ဟုတ်၊ မဟုတ် အမေ ရိကန်အရာရှိများက ဝေခွဲရခက်နေသည်။ ယခုတစ်ကြိမ် အမေရိကန်အစိုးရက ယူကရိန်းသို့ ထပ်မံပေးပို့မည့် လက်နက် များတွင် တာဝေးပစ်အမြောက်စနစ်ပါဝင် သည်။ အကြောင်းမှာ အဆိုပါအမြောက် စနစ်သည် ဒွန်ဘတ်ဒေသ၌ တိုက်ပွဲဝင် ရာတွင် အပြောင်းအလဲကို တစ်နည်းတစ်ဖုံ ဖြစ်ပေါ်စေနိုင်သည်ဟု အမေရိကန်တို့က ယူဆနေသောကြောင့်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရုရှားအစိုးရကပေးအပ်သည့်သတိပေးချက်သည် အမေ ရိကန်တို့က စိုးရိမ်စရာမဟုတ်ဟု တုံ့ပြန် ထားသော်လည်း ပင်တဂွန်စစ်ဌာနချုပ် အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် ယူကရိန်းအရေးတွင် ဝင်ရောက်စွက်ဖက် သည့် မည်သည့်နိုင်ငံမျိုးကိုမဆို သမိုင်းတစ်လျှောက် မတွေ့ကြုံဖူးခဲ့သည့် အကျိုးဆက် နှင့်ရင်ဆိုင်ရမည်ဟု အထူးစစ်ဆင်ရေး စတင်သည့် နေ့တွင် သမ္မတပူတင်က ယူကရိန်းပဋိပက္ခတွင် ဝင်ရောက်စွက်ဖက် ရန် တာစူနေသည့် အနောက်နိုင်ငံများကို ကြိုတင်သတိပေးထားခြင်းကြောင့် ဖြစ်သည်။
ယူကရိန်းအရေးတွင် ဝင်ရောက်စွက်ဖက်နေသည့်နိုင်ငံများ၊ တစ်နည်းအားဖြင့် ယူကရိန်းကို လက်နက်ခဲယမ်း ထောက်ပံ့နေသည့် နိုင်ငံများ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားအစိုးရသည် အဆိုပါနိုင်ငံများ၏ အားနည်းချက် သို့မဟုတ် ချက်ကောင်းကို ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ အဆိုပါ တုံ့ပြန်ချက်မှာ ယင်းနိုင်ငံများကို ရုရှား၏မိတ်ဆွေမဟုတ်သည့် နိုင်ငံများ သို့မဟုတ် ရန်လိုသည့် နိုင်ငံများအဖြစ် သတ်မှတ်ပြီး မိတ်ဆွေအဖြစ် ရပ်တည်ခြင်း မရှိဘဲ ရန်လိုသည့် နိုင်ငံများသို့ လောင်စာနှင့်ဓာတ်ငွေ့များ တင်ပို့ရောင်းချရာတွင် ရူဘယ်ငွေကြေး ဖြင့် ပေးချေရမည်ဟူသော ညွှန်ကြားချက်ကို သမ္မတပူတင်က ထုတ်ပြန်ခဲ့ပြီးဖြစ် သည်။ ရုရှား၏ အဆိုပါထုတ်ပြန်ချက်သည် အဓိကအားဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားအပေါ် တစ်ဖက်သတ် ပိတ်ဆို့ထားသည့် နိုင်ငံများ၏ အရှိုက်ကို ထိုးနှက်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
သမ္မတပူတင်၏အဆိုပါထုတ်ပြန်ချက် အရ ရုရှားဗဟိုဘဏ်၊ အစိုးရ၊ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Gaz-prom အနေဖြင့် ရုရှားနိုင်ငံအပေါ် ရန်လိုသည့် သို့မဟုတ် မိတ်ဆွေမဟုတ်သော နိုင်ငံများထံမှ ဓာတ်ငွေ့တန်ဖိုး ပေးချေမှုကို ရုရှားသုံး ရူဘယ်ငွေကြေးဖြင့်သာ မတ်လကုန်ပိုင်းမှစ၍ လက်ခံရမည်ဖြစ် သည်။ ရူဘယ်ငွေကြေးဖြင့် ပေးချေရန် လိုအပ်သည့်နိုင်ငံများတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်မည် ဖြစ်သည်။ ရုရှားသမ္မတ၏ အဆိုပါတုံ့ပြန်ချက်သည်ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ နိုင်ငံအပေါ် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ချမှတ်ထားသည့် စီးပွားရေး ဖိအားများကို လျှော့ချရန် အဓိကထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရုရှားမှတင်သွင်းမည့်ဓာတ်ငွေ့များ၏ တန်ဖိုးကို နိုင်ငံသုံးရူဘယ်ငွေကြေးဖြင့် ပေးချေစေခြင်းက အဆိုပါ ငွေကြေးတန်ဖိုး ကျဆင်းခြင်းမှလည်း ကာကွယ်ပေးနိုင်ရန်ဖြစ်သည်။ အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်သည့် ပိတ်ဆို့မှုများသည် ရုရှားကို ချည့်နဲ့စေရန် ရည်ရွယ်လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ရုရှား အစိုးရအဖွဲ့က ကောင်းစွာ သဘောပေါက် ထားခြင်းကြောင့် အနောက်နိုင်ငံများ အခက်တွေ့စေမည့် ရူဘယ်ငွေကြေးကို စွမ်းအင်ငွေကြေးအဖြစ် အသုံးပြုရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင် သည်။ ရုရှားနိုင်ငံအပေါ် ရန်လိုသည့် နိုင်ငံများစာရင်းကို ရုရှားက ပြီးခဲ့သည့်လ အစောပိုင်းက ထုတ်ပြန်ထားပြီး ယင်းစာရင်းတွင် အမေရိကန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ နော်ဝေ၊ ဆွီဒင်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်သည်။
ရုရှားမှ ဓာတ်ငွေ့များဝယ်ယူတင်သွင်းရာတွင် ပို၍အခက်တွေ့စေမည့် အချက်မှာ ဓာတ်ငွေ့ဝယ်ယူမည့် ရန်လိုသောနိုင်ငံများ အနေဖြင့် နိုင်ငံပိုင် ွဖေစမသာ ကုမ္ပဏီတွင် ရူဘယ်ငွေကြေးဖြင့် အထူးငွေစာရင်း ဖွင့်လှစ်ရန် လိုအပ်သည့်အပြင် ဓာတ်ငွေ့ ဖိုးပေးချေမှုကိုပါ ရုရှားက စည်းကမ်း ထိန်းချုပ်မည်ဖြစ်သည်။ သို့မဟုတ်ပါက ရုရှားက ဓာတ်ငွေ့တင်ပို့မှုကို ရပ်ဆိုင်း မည်ဖြစ်သည်။ ထို့ကြောင့် ယူကရိန်းသို့ လက်နက်များ ထပ်မံပေးပို့ခြင်းမပြုရန် တောင်းဆိုလိုက်သည့် သမ္မတပူတင်၏ တောင်းဆိုချက်နှင့် သတိပေးချက်သည် ပင်တဂွန်ရှိ အမေရိကန်အရာရှိများကြား အနည်းနှင့်အများဆိုသလို ဂယက်ရိုက်ခတ် စေခဲ့သည်ဟု ဆိုခြင်း ဖြစ်သည်။
ထို့ပြင် ရုရှားက ရည်ညွှန်းပြောဆိုထားသည့် ကြိုတင် မမှန်းဆနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များနှင့် စပ်လျဉ်း၍ ရုရှားအစိုးရက မည်သည်ကို ရည်ညွှန်း၍ ပြောဆိုလိုက်သည်ကို အမေရိကန်အရာရှိ များကြား ဝေခွဲနိုင်ရန် ရုန်းကန်နေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Ref: Business Insider, ST
ဇေယျာဘုန်း