အသက်ရှည်စေတဲ့ အစားအစာများ

အသက်ရှည်စေတဲ့ အစားအစာများ

အသက်တစ်ရာမနေရ   အမှုတစ်ရာပွေရ ဆိုကတည်းက လူဟာ အသက်ရှည်အောင် နေထိုင်ဖို့ထက်  စားဝတ်နေရေး ပြေလည်အောင်  နေ့စဉ်ဆောင်ရွက်နေလို့ အသက်ရှည်ရှည်မနေရတာ ပါဝင်နေပါတယ်။     အာဟာရပညာရှင်  တွေလေ့လာမှု အရ ကိုယ်စားတဲ့ အစားအသောက်တွေက လူ့သက်တမ်းအပေါ် သက်ရောက်မှုရှိပါတယ်။  အစားအစာတွေမှာ လျှို့ဝှက်ချက်တွေရှိပါတယ်။

ဘယ်ရီသီးမှာ အင်တီအောက်စီဒင့် ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် ကောင်းမွန်စေပြီး ရောဂါကာကွယ်နိုင်စွမ်း မြှင့်တင်ပေးပါတယ်။ အသက်ကြီးပေမယ့် အရွယ်တင်နုပျိုစေတယ်။ ဟားဗက်တက္ကသိုလ် ယခုနှစ်လေ့လာမှုအရ  တစ်ပတ်ကို ဘလူးဘယ်ရီသီး တစ်ခွက်(သို့)နှစ်ခွက်စာစားပေးရင် အသက်အရွယ် ကြီးသူတွေမှာ တွေ့ရများတဲ့  ဆက်စပ်တွေးခေါ်မှု ကျဆင်းတာ ကာကွယ်နိုင်တယ် ဆိုပါတယ်။

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အပင်ထွက်ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ထဲက ကင်ဆာဖြစ်ပွားမှုကို ရပ်တန့်စေတယ်လို့ သုတေသနမှာတွေ့ရှိထားတယ်။ ကြက်သွန်ဖြူစားတဲ့ အမျိုးသမီးတွေမှာ    အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။

ပဲအမျိုးမျိုး စားသုံးသင့်ပါတယ်။ ပညာရှင်တွေက (၂၀၁၄)မှာ သြစတြေးလျ၊ ဂျပန်၊ ဆွီဒင်နဲ့ဂရိတွေမှာ ရှိတဲ့ပဲတစ်မျိုးမျိုးကို တစ်နေ့ ၂၀ ဂရမ် နေ့စဉ်စားတဲ့ သက်ကြီးတွေလေ့လာခဲ့ရာ     သေဆုံးမှု(၇-၈%) လျော့နည်းတာတွေ့ခဲ့ပါတယ်။    ပဲမှာပါဝင်တဲ့ ဗျူတိုင်ရိတ်က ကင်ဆာပွားများမှုမှ ကာကွယ်ပေးတယ်လို့ မီချီဂန်တက္ကသိုလ်လေ့လာမှုအရ ဆိုတယ်။ အသားဓာတ်ပါဝင်တဲ့အပြင် အမျှင်ဓာတကြွယ်ဝလို့ ဝမ်းမှန်စေပါတယ်။

ကော်ဖီအသင့်အတင့် သောက်ပေးသင့်ပါတယ်။

(၂၀၀၈)ခုနှစ် ဟားဗက်တက္ကသိုလ် လေ့လာမှုအရ တစ်နေ့ ကော်ဖီ(၂-၃)ခွက်သောက်သူတွေမှာ လုံးဝမသောက်သူတွေထက် သေဆုံးနိုင်ခြေ(၁၈%) လျော့နည်းပြီး တစ်နေ့ကို ကော်ဖီ(၄-၅)ခွက်သောက်သူတွေက သေဆုံးနိုင်ခြေ (၂၆%)လျော့နည်းတာ တွေ့ရှိရပါတယ်။ ဆေးလိပ်၊ အရက်နဲ့ အသားစားသုံးမှု ထိန်းချုပ်ပြီး ကော်ဖီသောက်ရင် အသက်ပိုရှည်တာ တွေ့ရပါတယ်။

လက်ဖက်ရည်သောက်သင့်ပါတယ်။ 

အင်တီအောက်စီဒင့် များစွာပါဝင်တဲ့ လက်ဖက်ရည်က အသက်ကြီးတဲ့အထိ ခန္ဓာကိုယ် ခုခံနိုင်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ လက်ဖက်ရည်ထဲကို ရှောက်ရည်နဲ့ပျားရည် ရောကာသောက်နိုင်တယ်။

အစေ့အဆန် စားသင့်ပါတယ်။ အစေ့အဆန်တွေမှာ အမျှင်ဓာတ်များစွာပါဝင်ပြီး နေ့စဉ်စားသုံးရင် သေဆုံးနှုန်း(၂၂%)လျှော့ချနိုင်ကြောင်း(၂၀၁၁)လေ့လာမှုမှာ ဆိုတယ်။ ပညာရှင်တွေက အမျှင်ဓာတ်ဟာ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာအချို့နဲ့ အဝလွန်တာကို ကာကွယ်ပေးနိုင်တဲ့အပြင်        သွေးတွင်း ကိုလက်စထရောသကြားနဲ့ သွေးပေါင်လျော့ကျစေတယ် ဆိုတယ်။

ခရမ်းချဉ်သီး စားပေးသင့်ပါတယ်။

ခရမ်းချဉ်သီးမှာ ပါတဲ့ လိုင်ကိုပင်းက အမေရိကန်မှာ ဒုတိယအသေ အများဆုံးဖြစ်တဲ့ကင်ဆာရောဂါကို တွန်းလှန် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး အာဟာရတစ်ခုဖြစ်တယ်ဆိုတယ်။ခရမ်းချဉ်သီးကို ချက်ပြုတ်ပြီးစားတာထက် သုပ်စားတာက ကင်ဆာ ကာကွယ်စွမ်းအား ပိုမိုမြှင့်တင်ပေးပါတယ်။

ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးတယ်။ တစ်ပတ်မှာ ခုနစ်ကြိမ် ခရမ်းချဉ်သီး စားပေးရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်း(၅၀%)လျှော့ချပေးနိုင်တယ်။ တစ်ပတ် ၁၀ ကြိမ်ထက် စားသုံးပေးရင် ဆီးကျိတ်ကင်ဆာ လုံးဝပျောက်ကင်းနိုင်တယ်ဆိုတယ်။ ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံး ပုံမှန်စားပေးရင်   တစ်လကြာမှာ  နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်လာတယ်။ ဆီးချိုသွေးချိုဖြစ်ပွားမှု လျှော့ချပေးနိုင်တယ်။ အရိုးတွေ သန်မာစေတယ်။ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်။ စိတ်ဖိစီးမှု လျှော့ချပေးနိုင်ပါတယ်။

ထောပတ်သီး စားပေးသင့်ပါတယ်။

အမေရိကန်ရဲ့ ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရ နှလုံးရောဂါက သေဆုံးမှုများတဲ့ ရောဂါတစ်ခုဖြစ်တယ်။ ထောပတ်သီးအပါအဝင် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ များများကို စားပေးတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး အသက်ရှည်စေပါတယ်။ ထောပတ်သီးဟာ သွေးအတွင်း မကောင်းတဲ့ အဆီလျော့နည်းစေပြီး ကောင်းတဲ့အဆီများစေပါတယ်။ နှလုံးကျန်းမာရေး အထောက်အကူဖြစ်စေပါတယ်။

အနီရောင်အသား လျှော့စားသုံးပေးသင့်ပါတယ်။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စားသုံးသူတွေဟာ အသက်ရှည်စေတယ်။ နေ့စဉ်အနီရောင် အသားစားတဲ့သူတွေဟာ အနည်းငယ် စားသုံးသူတွေထက် ၁၀ နှစ်လောက် အသက်ပိုတိုနိုင်တယ်လို့(၂၀၀၉)ခုနှစ် မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်လေ့လာမှုအရ သိရပါတယ်။ အနီရောင် အသားစားသုံးသူတွေဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ပိုမိုခံစားရတတ်ပါတယ်။

အသီးအရွက်သုပ် နေ့စဉ်စားသုံး ပေးသင့်ပါတယ်။

ပညာရှင်တွေက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေပြည့်ဝပြီး ကယ်လိုရီရရှိမှု နည်းပါးတာကြောင့် အသက်ရှည်ဆေးလို့ ဆိုတယ်။ အသီးအရွက် သုပ်များများ စားသုံးသူဟာ အသက်ရှည်စေတဲ့ အာဟာရဓာတ်များများ ပါဝင်နေပါတယ်။

ချောကလက် စားသုံးသင့်ပါတယ်။

ချောကလက်စားပေးရင် လူ့သက်တမ်းကို ပိုရှည်ပါတယ်။ တစ်လကို ချောကလက်သုံးချိန် စားသုံးသူဟာ လုံးဝမစားသူတွေထက် အသက်တစ်နှစ် ပိုရှည်တာကို(၁၉၉၉)ခုနှစ်မှာ လူပေါင်း ၈၀၀၀ ကျော်ပြုလုပ်တဲ့ ဟားဗက်လေ့လာမှု အရသိရတယ်။ (၂၀၀၉)ခုနှစ်လေ့လာမှုမှာ တစ်ပတ်ကို ချောကလက်တစ်ကြိမ် စားပေးရင် နှလုံးထိခိုက် နိုင်ခြေကနေ(၄၄%) လျော့နည်းစေပါတယ်။ ချောကလက်မှာပါဝင်တဲ့ အင်ဒီအောင်စီဒင်ဖလေဆိုနော ကအသက်ရှည် ကျန်းမာစေပါတယ်။

ဂေါ်ဖီထုပ်မှာအမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဖောလိပ်တွေ ပါဝင်တဲ့အတွက်  ဂေါ်ဖီထုပ်က အသက်ရှည်စေဖို့ ကူညီပေးနိုင်ပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ရင်သားကင်ဆာ ရှိသူတွေ ပန်းဂေါ်ဖီမျိုးရင်းဝင် တရုတ်မုန်လာနဲ့ ဂေါ်ဖီထုပ်စားစရာ လေ့လာမှုလုပ်နေစဉ် အတွင်းမှာပင် သေဆုံးမှုနဲ့ ကင်ဆာပြန်ဖြစ်နိုင်ခြေ လျော့နည်းတာတွေ့ကြရတယ်။

သံလွင်ဆီက မိုနိုမပြည့်ဝဆီဖြစ်တယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ညီညွတ်တယ်။ နှလုံးကျန်းမာစေပြီး အသက်ရှည်စေပါတယ်။ လေ့လာမှုအရ သံလွင်ဆီကား ဦးနှောက်ကျန်းမာစေပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်တာ တွေ့ရှိခဲ့ပါတယ်။ နေ့စဉ်သံလွင်ဆီ နှစ်ဇွန်းနှုန်း စားပေးဖို့ လိုပါတယ်။  ။

ဒေါက်တာလွင်သန့်