ရီးယဲလ်မက်ဒရစ် အသင်းက တိုက်စစ်မှူး ဟာလန်းကို လက်လွှတ်ခဲ့ရပြီး ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိ

ရီးယဲလ်မက်ဒရစ်အသင်းသည်   ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟာလန်းကို လက်လွှတ်ခဲ့ရသည့်အတွက် အမ်ဘတ်ပီကိုခေါ်ယူရန်   ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ် အသင်းသည်   အစောပိုင်းက အသင်းတိုက်စစ်ပိုင်းအတွက် ဟာလန်းနှင့် အမ်ဘတ်ပီတို့ နှစ်ဦးစလုံးကို ခေါ်ယူလိုနေသော်လည်း လက်ရှိတွင် ဟာလန်းအနေဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန်       သဘောတူညီမှု ရရှိခဲ့သောကြောင့် အမ်ဘတ်ပီကိုသာ အဓိကထား ခေါ်ယူရမည် ဖြစ်သည်။

ယခုဘောလုံးရာသီအကုန်တွင် ရီးယဲလ်မက်ဒရစ် အသင်းသည် အမ်ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် နီးစပ်နေသော်လည်း နောက်ပိုင်းတွင် ရီးယဲလ်မက်ဒရစ် အသင်းက ဟာလန်းကိုပါခေါ်ယူရန် စီစဉ်နေမှုကြောင့်  အမ်ဘတ်ပီကလည်း  ရီးယဲလ်မက်ဒရစ် အသင်းသို့  ပြောင်းရွှေ့ကစားရန် ပြန်လည် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဟာလန်းကိုခေါ်ယူရန် မဖြစ်နိုင်တော့ သည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းက အမ်ဘတ်ပီ ကို  ဦးစားပေးအဖြစ်ကမ်းလှမ်းရန်  ပြင်ဆင်နေပြီး တစ်ဖက်တွင်လည်း ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို  သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်  စီစဉ်နေခြင်း ဖြစ်ကာ ပီအက်စ်ဂျီ အသင်းနှင့်လည်း သက်တမ်းတိုးစာချုပ်    ချုပ်ဆိုခြင်း မရှိသေးသည့်အတွက်  နှစ်သင်းစလုံးက  အပြိုင်ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။                     

Ref;Marca