ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည်ယနေ့နံနက် ၁ နာရီခန့်တွင် မသင်္ကာဖွယ် လှေတစ်စင်းအားတွေ့ရှိ သဖြင့် ခေါ်ယူစစ်ဆေးရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီး ရာဆင်ကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၁ မိုင်ခန့်အကွာသို့အရောက်၌ အလျား ၁၆ ပေ၊ အနံ ၃ ပေ၊ ရေစူး ၂ ပေခန့်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်လှေတစ်စင်းပေါ်မှ မင်းထွန်း(ဘ) ဦးသန်းတင်နှင့် ၎င်း၏ ညီဖြစ်သူ မိုးထိုက်တို့နှစ်ဦးအား WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၂၇ ပြား၊ အစိမ်းရောင်ဆေးပြားခြောက်ပြား (စုစုပေါင်း မူးယစ်ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ် ၁၂ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် မူးယစ်ဆေးဝါးများအား ကော့သောင်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)