အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို သိုလှောင်ရုံများအတွင်း စနစ်တကျထားရှိမှု၊ ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို သိုလှောင်ရုံများအတွင်း စနစ်တကျထားရှိမှု၊ ပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၂၁

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အဖြစ်လှူဒါန်းသည့် ဆန်နှင့် ဂျုံများကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ စက်ဆန်းရပ်ကွက်ရှိ သိုလှောင်ရုံများအတွင်း၌ စနစ်တကျထားရှိ၍ ပြည်သူ များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။