ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိန္ဒိယအစိုးရက ပေးပို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များ ပေးအပ်လှူဒါန်း

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိန္ဒိယအစိုးရက ပေးပို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ - ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေး နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ပေးအပ်လှူဒါန်းကြသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊  ရပ်ကွက်(၉)ရပ်ကွက် ရှိ  ဒေသခံပြည်သူ အိမ်ထောင်စု ၂၄၂၅ စု အတွက် ဆန်အိတ် ၂၄၂၅ အိတ်ကိုလည်း ကောင်း၊ အိမ်ထောင်စုတစ်စုလျှင် ဂျုံတစ်ကီလိုဂရမ်နှုန်းဖြင့် အိမ်ထောင်စု ၂၄၂၅ စု အတွက် ဂျုံအိတ် ၆၀ အိတ်ကို လည်းကောင်း ပြည်သူများလက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။