အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏   အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏   အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

နေပြည်တော်၊ ဧပြီ - ၂၁

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှ ယနေ့အထိ တိုင်းစစ်ဌာနချုပ်ရှိ အောင်ဓမ္မသုခ ဗိမာန်တော်၌ ၅ ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၂)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မဟာဂန္ဓာရုံ အေးရိပ်သာကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကအဖွဲ့ဉက္ကဋ္ဌ (ရွှေကျင်)သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တပဏ္ဍိတသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး  တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တိုင်းစစ်ဌာနချုပ်မှ အမျိုးသမီးဝတ်ရွတ်အသင်းတို့ တက်ရောက် ကြသည်။

ဦးစွာ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်စာချဆရာတော် (သာသနာဓဇဓမ္မာ စရိယ)ဘဒ္ဒန္တ နန္ဒမာလက အောင်ဂါထာတော် ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဂန္ဓာရုံအေးရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ အမ်းမြို့၊ သံဃနာယကအဖွဲ့(ရွှေကျင်)အကျိုးတော်ဆောင် သာသနာ့ဝန်ဆောင် ဇေတဝန်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ ပုညာစာရ က ပဋ္ဌာန်းအနုမောဒနာ ဂါထာကို ရွတ်ဖတ်ပူဇော်၍ အမျိုးသမီး ဝတ်ရွတ်အသင်းများက ပဋ္ဌာန်းအမွှန်းကို ရွတ်ဖတ်ပူဇော်ကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။