ဗန်းမော်မြို့ရှိ ဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည်ရှုအားပေး

ဗန်းမော်မြို့ရှိ ဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက် ကြည်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ  အား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။