ဘရာဇီးအသင်းနှင့် အာဂျင်တီးနား အသင်းတို့ ဇွန် ၁၁ ရက်တွင် သြစတြေးလျနိုင်ငံ၌ ခြေစမ်းပွဲကစားမည်ဖြစ်ပြီး လက်မှတ်အစောင်ရေ ၉၅၀၀၀ အထိရောင်းချခဲ့ရ

တောင်အမေရိက   ထိပ်သီးအသင်း နှစ်သင်းဖြစ်သည့် ဘရာဇီးအသင်းနှင့်  အာဂျင်တီးနားအသင်း တို့သည်  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကာလဖြစ်သည့် ဇွန် ၁၁ ရက်တွင် သြစတြေးလျ နိုင်ငံ၌ ခြေစမ်းပွဲကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် လက်မှတ်အစောင်ရေ  ၉၅၀၀၀ အထိရောင်းချ ခဲ့ရကြောင်း သိရသည်။

ဘရာဇီးအသင်းနှင့်    အာဂျင်တီးနားအသင်းတို့သည် ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ် နိုင်ငံတကာ ခြေစမ်းပွဲကစားခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ကစားမည်ဖြစ်သည်။

ဘရာဇီးအသင်းနှင့်   အာဂျင်တီးနားအသင်းတို့ ကစားသည့်  ပထမအကြိမ်ပွဲစဉ်တွင်လည်း လက်မှတ်အစောင်ရေ ၉၅၀၀၀ အထိရောင်းချခဲ့ရသကဲ့သို့ ယခုအခါ ဒုတိယအကြိမ်ကစားမည့် ပွဲတွင်လည်း လက်မှတ်အစောင်ရေ  ၉၅၀၀၀ အထိ ဆက်လက်ရောင်းချခဲ့ရသည်။

ဇွန်လတွင်   သြစတြေးလျလိဂ်ပြိုင်ပွဲ ကျင်းပနေဆဲကာလ ဖြစ်သည့်အတွက် ဇွန် ၁၁ ရက်တွင် ကစားမည့် သြစတြေးလျလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းသွားမည်ဖြစ် သည်။ ဘရာဇီးအသင်းနှင့် အာဂျင်တီးနားအသင်းတို့ ကစားခဲ့သည့် ပထမအကြိမ်တွင် မက်ဆီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်   အာဂျင်တီးနားအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဘရာဇီးအသင်းနှင့်  အာဂျင်တီးနားအသင်းတို့ သည် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် အသီးသီး ရရှိထားသောကြောင့် အဆိုပါ ခြေစမ်းပွဲကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ကစားမည် ဖြစ်ကြောင်း သိရသည်။           

Ref;Dailymail