မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က စုပေါင်းသွေးလှူဒါန်း

မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဧပြီ - ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသ နေသူများ သွေးလိုအပ်ချက်မရှိစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ အသင်းဝင်သံဃာတော်များနှင့် အသင်းသားများက အဆိုပါတပ်မတော်ဆေးရုံ၌ ယနေ့တွင် စုပေါင်းသွေးလှူဒါန်း ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များဖြစ်ကြသည့် အသင်းဝင်သံဃာတော်များနှင့် အသင်းသားများစုစုပေါင်း ၂၅ ဦးအား သွေးပေါင်ချိန် ခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင်များက စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ သွေးလှူဒါန်းနေမှုများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။