လာမည့်ဘောလုံးရာသီ ဥရောပ အဆင့်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းအထိ ပါဝင်ခွင့် ရရှိဖွယ်ရှိနေ

လာမည့်ဘောလုံးရာသီ ဥရောပ အဆင့်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းအထိ ပါဝင်ခွင့် ရရှိဖွယ်ရှိနေ

လာမည့်ဘောလုံးရာသီ ဥရောပအဆင့် ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ စံချိန်တင်အဖြစ် ပြိုင်ပွဲဝင်အသင်းကိုးသင်းအထိ ပါဝင်ခွင့် ရရှိဖွယ်ရှိနေကြောင်း သိရသည်။

လက်ရှိ ဥရောပအဆင့် သတ်မှတ်ချက်(၁)နေရာ၌ ရပ်တည်နေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းဝင်ခွင့် ရရှိထားသော်လည်း လာမည့်ဘောလုံးရာသီတွင် အသင်းနှစ်သင်း ထပ်တိုးပြီး အသင်းကိုးသင်းအထိ ပါဝင်ခွင့်ရရှိဖွယ် ရှိနေသည်။

ယခုဘောလုံးရာသီ ဥရောပ အဆင့်ပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  မန်စီးတီးအသင်းနှင့် လီဗာပူးအသင်း၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဝက်စ်ဟမ်းအသင်း၊ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲတွင် လက်စတာအသင်းတို့က ဆီမီးဖိုင်နယ်အဆင့်သို့ အသီးသီး တက်ရောက်ထားခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ  သုံးခုမှ  ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးနှင့် လီဗာပူးအသင်းတို့ ချန်ပီယံဆု ရရှိလျှင် အပြောင်းအလဲဖြစ်မည် မဟုတ်သော်လည်း ယူရိုပါလိဂ် ပြိုင်ပွဲနှင့် ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲ တို့တွင် ဝက်စ်ဟမ်း အသင်းနှင့် လက်စတာအသင်းတို့ ချန်ပီယံဆုဆွတ်ခူး နိုင်ခဲ့ပါက အပြောင်းအလဲများ ဖြစ်လာဖွယ်ရှိသည်။

လက်ရှိတွင်  ပရီးမီးယားလိဂ်  အဆင့်(၁)မှ  (၄) အထိ အသင်းများက ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အဆင့်(၅)မှ (၆)အထိ အသင်းနှစ်သင်းက ယူရိုပါလိဂ်နှင့် အဆင့်(၇)နေရာမှ အသင်းအနေဖြင့် ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲတို့ကို ဝင်ခွင့်ရရှိခြင်းဖြစ်သည်။

သို့သော်  ယခုဘောလုံးရာသီတွင်  ဝက်စ်ဟမ်း အသင်းအနေဖြင့် ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါက လာမည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်မှ  အသင်းငါးသင်း အထိ  ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

အလားတူ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲတွင်လည်း လက်စတာအသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဆိုပါက ယူရိုပါလိဂ်ပြိုင်ပွဲတွင် အသင်းသုံးသင်း ပါဝင်ခွင့်ရရှိမည်ဖြစ်ကာ  ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲမှ အသင်းတစ်သင်းနှင့် စုစုပေါင်း ကိုးသင်းအထိ ပါဝင်ခွင့်ရရှိဖွယ်ရှိနေကြောင်း သိရသည်။