ဥရောပထိပ်တန်းလိဂ်နှစ်ခုတွင် သွင်းဂိုး ၁၀၀ နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မန်ယူအသင်း ကစားသမားစီရော်နယ်ဒို မှတ်တမ်းဝင်

မန်ယူအသင်းတိုက်စစ်မှူး   စီရော်နယ်ဒိုသည် အာဆင်နယ်အသင်းနှင့်    မန်ယူအသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့် မြောက်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် နှစ်ခုတွင် သွင်းဂိုး ၁၀၀ နှင့် အထက်သွင်းယူနိုင်သည့် ပထမဆုံးကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

စီရော်နယ်ဒိုသည် မန်ယူအသင်း၌ ပထမအကြိမ် အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ခြောက်ရာသီ ကစားခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၈၄  ဂိုးသွင်းယူနိုင်ခဲ့ကာ    ဒုတိယအကြိမ်အဖြစ်   ယခုဘောလုံး ရာသီတွင် ပြန်လည်ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် သွင်းဂိုး   ၁၆   ဂိုးသွင်းယူနိုင်ပြီး  အသင်းအတွက် စုစုပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် မန်ယူအသင်းသို့    တစ်ကျော့ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲပါဝင်ကစားခဲ့ကာ ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး   သုံးကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ကာ  အသင်း၌ သွင်းဂိုးအများဆုံးကစားသမား အဖြစ် ရပ်တည်ခဲ့သကဲ့သို့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း လီဗာပူးအသင်းမှ ဆာလက်ချ်နှင့် စပါးအသင်းမှ ဆွန်ယောင်မင်တို့နောက် တတိယသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

စီရော်နယ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင်  ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကိုးရာသီကြာကစား ခဲ့ပြီးနောက် စပိန်လာလီဂါသွင်းဂိုး  ၃၁၁  ဂိုးအထိ သွင်းယူနိုင်ခဲ့သကဲ့သို့ မန်ယူအသင်း၌လည်း လက်ရှိ တွင်  ပရီးမီးယားလိဂ်သွင်းဂိုး  ၁၀၀ ပြည့်မြောက်ခဲ့ သည့်အတွက် ထိပ်တန်းလိဂ်နှစ်ခုတွင် သွင်းဂိုး ၁၀၀  နှင့်အထက် သွင်းယူနိုင်ခဲ့သည့် ပထမဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

 Ref;90Min