ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၃၁) အဖြစ် ကစားသည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဒေါ့မွန်အသင်းတို့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက အိမ် ကွင်း၌ အနိုင်ရရှိပြီးနောက် ပြိုင်ပွဲမပြီးမီ ၁၀ နှစ်ဆက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် အသင်းက အိမ်ကွင်း၌ ဒေါ့မွန်အသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားအဆင့်(၂) နေရာမှ ဒေါ့မွန်အသင်းကို ၁၂ မှတ်အထိ ဖြတ်တောက် နိုင်သည့်အတွက် ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် ပြိုင်ဘက်ကင်းအသင်းတစ်သင်းအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံ ဆုဖလားကို ၁၀ နှစ်ဆက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက ဒေါ့မွန်အသင်း ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့ပြီးနောက် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှ စတင်ကာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအထိ ချန်ပီယံဆုကို ၁၀ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘိုင်ယန်မြူးနစ် အသင်းသည် လက်ကျန်ပွဲစဉ်များအဖြစ် မိန့်အသင်းနှင့် အဝေးကွင်း၌ လည်းကောင်း၊ စတုဂတ်စ် အသင်းနှင့် အိမ်ကွင်း၌လည်းကောင်း၊ ဝုဖ် ဘတ်အသင်းနှင့် အဝေးကွင်း၌လည်းကောင်း အသီးသီး ကစားရမည် ဖြစ်ကြောင်း သိရသည်။
Ref;Dailymail