Opta.com က စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှားကျူးလွန်မှု အများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်းခံစစ်ကစားသမား မက်ဂွိုင်ယာက ထိပ်ဆုံးမှပါဝင်နေပြီး မန်ယူအသင်းမှ ကစားသမားအများဆုံး ပါဝင်လာကြောင်း သိရသည်။
ယခုဘောလုံးရာသီတွင် မန်ယူအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် မက်ဂွိုင်ယာအနေဖြင့် ပြိုင်ဘက်အသင်းတိုက်စစ်ကစားသမားများကို အခွင့်အရေးများစွာ ပေးခဲ့ရပြီး ကြီးမားသည့် အမှားကျူးလွန်မှု ခုနစ်ကြိမ်အထိရှိခဲ့၍ အမှားကျူးလွန်မှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှပါဝင်နေခြင်းဖြစ်သည်။
ယခုဘောလုံးရာသီ အမှားကျူးလွန်မှုအများဆုံး ကစားသမားစာရင်းတွင် မက်ဂွိုင်ယာ၏နောက်၌ မန်ယူအသင်း ကွင်းလယ်ကစားသမား မာတစ်က ခြောက်ကြိမ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေပြီး အာဆင်နယ် အသင်းမှ ဂါဘရီရယ်၊ လိဒ်အသင်းမှ အေလင်းတို့က ခြောက်ကြိမ်အထိ ကျူးလွန်ခဲ့ကာ ဒုတိယနေရာ၌ ပူးတွဲရပ်တည်ခဲ့ကြသည်။
၎င်းင်းတို့နောက်၌ စပါးအသင်းမှ ဆန်းချက်ဇ်၊ ဘရိုက်တန်အသင်းမှ ဝက်စတာ၊ အက်စ်တွန်ဗီလာ အသင်းမှ တိုင်ရွန်မန်း၊ ဘန်လေအသင်းမှ တာကောစကီးတို့က ငါးကြိမ်စီ၊ အာဆင်နယ်အသင်းမှ လိုကွန်ညာ၊ လက်စတာအသင်းမှ အာမာတီ၊ လိဒ်အသင်းမှ လော်ရန်တီ၊ ဆောက်သမ်တန်အသင်းမှ ဆာလီဆူ၊ အဲဗာတန်အသင်းမှ ဟိုးဂိတ်၊ ကိုးလ်မန်း၊ မန်ယူအသင်းမှ လုခ်ရှော၊ ဝမ်ဘစ်ဆာကာ၊ ချယ်လ်ဆီးအသင်းမှ ဂျော်ဂျင်ဟိုတို့က လေးကြိမ်စီဖြင့် ရပ်တည်ခဲ့ပြီး မန်ယူအသင်းမှ လေးဦးအထိ အများဆုံး ပါဝင်လာသည်။
မန်ယူအသင်းအနေဖြင့် အသင်းခံစစ် ကစားသမားတို့၏ အမှားများ ကျူးလွန်နေမှုနှင့်အတူ ပေးဂိုးအများ ဆုံးအသင်းများ စာရင်းတွင် ပါဝင်နေပြီး ၃၄ ပွဲကစား အပြီးတွင် အသင်းတိုက်စစ်ပိုင်းက ၅၂ ဂိုးအထိ ရရှိခဲ့သော်လည်း အသင်းခံစစ်ပိုင်းက ၅၁ ဂိုးအထိ ပေးခဲ့ရကြောင်း သိရသည်။
Ref;Opta.com