၂၀၂၂ ခုနှစ်၏ laureus ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံးအားကစား အသင်းဆုကို ယူရို ၂၀၂၀ ချန်ပီယံဆု ရရှိသည့် အီတလီအသင်း ဆွတ်ခူးရရှိ

၂၀၂၂ ခုနှစ် Laureus တစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲတွင် ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံး အားကစားအသင်းဆုကို ယူရို ၂၀၂၀ ချန်ပီယံဆုရရှိသည့် အီတလီအသင်းက ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

Laureus က တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ထင်ရှားကျော်ကြားသည့် အားကစားအသင်းများနှင့် အားကစား သမားများကို ဆုများအသီးသီးရွေးချယ် ချီးမြှင့်ခြင်းဖြစ်ပြီး အီတလီအသင်းအနေဖြင့် ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်ခြင်းမရှိသော်လည်း  တခြားအားကစားလောကမှ  ထိပ်တန်းအသင်းကြီးများကို ကျော်ဖြတ်၍ ဆုရရှိခဲ့ခြင်းဖြစ်သည်။

Laureus တစ်နှစ်တာ အကောင်းဆုံးဆုများ ချီးမြှင့်ပွဲတွင် တခြားဆုများအဖြစ် တစ်နှစ်တာအကောင်း ဆုံးအမျိုးသား အားကစားသမားဆုကို ဖော်မြူလာဝမ်း ကားမောင်းသမား  ဗာစတက်ပန်ကလည်းကောင်း၊ တစ်နှစ်တာ   အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုကို ဆယ်ကျော်သက်တင်းနစ်မယ် အမ်မာရာ ဒူကာနူက လည်းကောင်း၊ တစ်နှစ်တာအကောင်းဆုံး Action ဆုကို စက်ဘီးစီးအားကစားသမား ရှရီဗာကလည်းကောင်း၊ တစ်နှစ်တာ အကောင်းဆုံးထူးခြားအောင်မြင်မှုဆုကို    ဥရောပအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက လည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။      

Ref;TTN.Com