မန်ယူအသင်းပရိသတ်များက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြမှုများ အရှိန်မြှင့်ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခြင်းမရှိဘဲ ဆန္ဒပြမှုများပြုလုပ်

မန်ယူအသင်းပရိသတ်များက အသင်းပိုင်ရှင် ဂလေဇာမိသားစုကို အသင်းမှထွက်ခွာရန် ဆန့်ကျင်ဆန္ဒပြမှုများ အကြိမ်ကြိမ်ပြုလုပ်နေပြီး  လက်ရှိတွင် ဆန္ဒပြမှု များကို အရှိန်မြှင့်ပြုလုပ်လာကာ ချယ်လ်ဆီးအသင်းနှင့် ပွဲစဉ်တွင်လည်း ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခြင်း မရှိဘဲ  ဆန္ဒပြမှုများ ပြုလုပ်ခဲ့သကဲ့သို့   ကွင်းအတွင်း ဝင်ရောက်လာသည့်   ပရိသတ်များကလည်း     ပွဲချိန် အစောပိုင်းကတည်းက ကွင်းအတွင်းမှ ထွက်ခွာပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မန်ယူအသင်းနှင့်   ချယ်လ်ဆီးအသင်းတို့ ကစားသည့် ပွဲစဉ်မတိုင်မီ  ၁၇ မိနစ်အထိ  မန်ယူအသင်း ပရိသတ်ဦးရေ  ၅၀၀၀  ခန့်သည် ကွင်းအတွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ ကွင်းပြင်ပတွင် ဂလေဇာမိသားစု ကို  အသင်းမှ ထွက်ခွာရန်  ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သကဲ့သို့ မန်ယူအသင်းကို  ဂလေဇာမိသားစု ပိုင်ဆိုင်ခဲ့သည့် ၁၇ နှစ် အထိမ်းအမှတ်အဖြစ်  ကွင်း ပြင်ပ၌  ပွဲချိန် ၁၇ မိနစ်အထိ ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက်မှသာ   ကွင်းအတွင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းပရိသတ်များသည်  နောဝှစ်ချ်အသင်း နှင့်ပွဲစဉ်မှစ၍   အိမ်ကွင်းပွဲစဉ်များတွင်   ပရိသတ် ထောင်ပေါင်းများစွာ စုရုံးပြီး အသင်းပိုင်ရှင်ဂလေဇာ မိသားစုကို အသင်းမှထွက်ခွာရန် ဆန္ဒပြမှုများစတင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ချယ်လ်ဆီးအသင်းနှင့်ပွဲကစားချိန် တွင်လည်း  သံပြိုင်အော်ဟစ်၍   ဆန္ဒပြမှုများပြုလုပ် ခဲ့ကြကြောင်း သိရသည်။        

Ref;BT Sports