လားရှိုး-မန္တလေး အစုန်ရထား ဘီးချော်မှုအား ကူညီပြုပြင် ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ -

   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉) ငါးရံ့ချောင်းကျေးရွာအနီး ရထားလမ်းမိုင်တိုင်အမှတ်၊ ၁၆/၄၂၀ စက်တင်ဘာ ၃၀ ရက် နံနက် နာရီ ၄၀ မိနစ်ခန့်တွင် လားရှိုးမြို့မှ ထွက်ခွာလာသည့် လားရှိုး-မန္တလေးအစုန်ရထား၏ နောက်ဆုံး တွဲ တွဲ ဘီးချော်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

   

အဆိုပါ ရထားဘီးချော်မှု ဖြစ်ပွားခဲ့သည့်နေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာ့မီးရထားတွဲပြင် အဖွဲ့မှ အင်ဂျင်နီယာအဖွဲ့များ ပူးပေါင်း၍ ရထားဘီးချော်မှုအား ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။