COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ -

 

တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ ခန်းမ၌ အလှူရှင်များက လာရောက် ပေးအပ်လှူဒါန်းသည်။

   

ဦးစွာ အလှူရှင်များဖြစ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၂) ကျောင်းဆင်းအရာရှိများနှင့် မိသားစုများကိုယ်စား တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေကျပ် ၃၂ သိန်းကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။