မဟာမြိုင်တောရ၊ သဲဖြူဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်အမှူးပြုသော သံဃာ တော်များအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

မဟာမြိုင်တောရ၊ သဲဖြူဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်အမှူးပြုသော သံဃာ တော်များအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မေ - ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ သမိုင်းဝင်မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းဘုရားရင်ပြင်တော်၌ ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူတောရဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက မြတ်မော်တင်တောင်ခြေတွင် သီတင်းသုံးတော်မူကြသော သံဃာ‌တော် ၁၅၀ ပါးအတွက် ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူပူဇော် ခဲ့ကြောင်း သတင်းရရှိသည်။