နေပြည်တော် မေ ၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုမိန်းမြို့၊ နားမွန်းလုံကျေးရွာရှိ ဒဏ္ခိဏရာမကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အုတ်ပုံဆိပ်ရပ်ကွက်ရှိ သာသနာ့ပါလကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ မင်းရွာကျေးရွာရှိ တောင်သုံးလုံးမဟာဂန္ဓာရုံ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ စိတ္တသုခ ကျောင်းတိုက်၊ ပုသိမ်မြို့ရှိ မဟာရန်ကင်းတောင်ကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်း စစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
(၁၀၀)