နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်လှစ်

နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်လှစ်

နေပြည်တော်၊ မေ - ၂

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိတပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် တပ်မတော်သားမိသားစုဝင် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက သရုပ်ပြအဖွဲ့များ၏ မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသ မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို ကိုယ်ခန္ဓာနှင့်စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တတ်စေရန်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်း သား၊ သင်တန်းသူ ၁၅၀ ဦးဖြင့် မေ ၂၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။